လူတွေ ဘယ်လို အိပ်ကြလဲ၊ ဘာကြောင့် အိပ်ရလဲဆိုတဲ့ အသစ်လေ့လာတွေ့ရှိချက်တွေက နေ့စဉ် ပေါ်ထွက်နေပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေ လေ့လာနိုင်သမျှက ဒီလောက် ရိုးစင်းလွယ်ကူတဲ့ လုပ်ငန်းတစ်ခုဟာ လူတွေရဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းရေးရဲ့ နှလုံးသည်းပွတ်မှာ ကိန်းအောင်းနေတယ်ဆိုတဲ့ အချက်ကို ထပ်လောင်းအတည်ပြုနေပါတယ်။

<aside> 💡

အိပ်စက်ခြင်းအကြောင်း ရိုးရိုးရှင်းရှင်း အမှန်တရား

အိပ်စက်မှုနဲ့ပတ်သက်လို့ ကျွန်မတို့ မသိနိုင်သေးတာတွေ အများကြီး ကျန်ပါသေးတယ်။ အိပ်တယ်ဆိုတာ ဘယ်လိုဟာလဲ၊ ဘာဖြစ်လို့ အိပ်ဖို့လိုရတာလဲဆိုတာ တိတိကျကျ နားလည်နိုင်ဖို့တောင် ခက်ခဲပါတယ်။ ပညာရပ်ဆိုင်ရာ စကားလုံးခက်ခက်ခဲခဲတွေကို ထိုးဖောက်ကျော်လွှားပြီး ရိုးရှင်းတဲ့ သိပ္ပံနည်းကျ သဘောတရားတွေကို ဆုပ်ကိုင်မိလာရင် ဒီလို အသက်တမျှအရေးကြီးတဲ့ အိပ်စက်ခြင်းအကြောင်း နားလည်ဖို့ အထောက်အကူ ဖြစ်လာမှာပါ။

</aside>

အိပ်စက်ခြင်းဆိုတာ ဘာလဲ၊ ဘာကြောင့် အိပ်ဖို့လိုတာလဲ

အိပ်စက်မှုဟာ ဆန်းကျယ်လွန်းလို့ သိပ္ပံပညာအားဖြင့် မကြာခင်ကမှ အသစ်တွေ ထပ်ဖော်ထုတ်နိုင်ခဲ့တာတွေ ရှိနေပါတယ်။ ဘဝတလျှောက် အိပ်စက်ချိန်တွေ အများကြီးကုန်ဆုံးခဲ့လို့လည်း အိပ်စက်တာဟာ ဇီဝဗေဒအရ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အထင်အရှား သိနိုင်ပါတယ်။

အိပ်ပျော်နေချိန်မှာ ကျွန်မတို့ဟာ သိစိတ်နဲ့ မသိစိတ်ကြားက နေရာလေးတစ်ခုကို ရောက်ရှိသွားပါတယ်။ ခန္ဓာကိုယ်ကြီးက အနားယူသွားပေမယ့် ဦးနှောက်ကတော့ တက်တက်ကြွကြွနဲ့ အင်တိုက်အားတိုက် အလုပ်လုပ်နေတယ်။ အသက်ရှင်သန်နိုင်ရေးအတွက် အိပ်စက်မှုဟာ မရှိမဖြစ် လိုအပ်ပါတယ်။ အိပ်နေတုန်းမှာမှ ဇီဝဗေဒအရ လုပ်ဆောင်စရာရှိတာတွေ တစ်ပုံတစ်ခေါင်းကို ကျွန်မတို့ လုပ်ကိုင်နိုင်ကြတာပါ။

သိပ္ပံပညာရှင်တွေက အသစ်အသစ်တွေ တစ်ချိန်လုံး ဖော်ထုတ်တွေ့ရှိနေပေမယ့် အိပ်စက်ခြင်းရဲ့ ပင်မလုပ်ငန်းတွေကတော့ -

ဒီလို ပြန်လည်သစ်လွင်နုပျိုစေခြင်း လုပ်ဆောင်ချက်တွေဟာ လူတစ်ယောက်အဖို့ ဖြစ်သင့်ဖြစ်အပ်တဲ့ ကိုယ်ခန္ဓာလုပ်ငန်းတွေ လည်ပတ်ဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ကောင်းကောင်းအိပ်ရေးဝလေ စိတ်ပိုင်း၊ သိမှတ်ဉာဏ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေ သိသိသာသာ တိုးတက်လာပါတယ်။

အိပ်စက်ခြင်းနဲ့ပတ်သက်လို့ လျှို့ဝှက်ဆန်းကြယ်တာတွေ အများအပြား ရှိနေသေးပေမယ့် ရှင်းသထက် ရှင်းလာတာကတော့ အိပ်စက်ခြင်းဟာ လူရဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းမှုအတွက် မဖြစ်မနေ လိုအပ်တယ်၊ ကောင်းမွန်တဲ့ ရှင်သန်နေထိုင်ချင်ရင် အစာစားတာနဲ့ လေ့ကျင့်ခန်းလုပ်တာတွေလိုပဲ အိပ်စက်ခြင်းကိုလည်း အလေးအနက်ထားရမယ်ဆိုတာပါပဲ။

သိပ္ပံပညာက ပိုပြီး ရှာဖွေဖော်ထုတ်နိုင်လေ ကောင်းစွာအိပ်စက်ခြင်းဟာ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုတို့အတွက် သော့ချက်တွေဖြစ်ကြောင်း နားလည်လာလေပေါ့။ ဒီလို ဇီဝဗေဒ လုပ်ဆောင်ချက်တွေအပြင် အမြဲတမ်း ကောင်းကောင်းအိပ်ရတာဟာ နေလို့ထိုင်လို့ ကောင်းစေတာက သေချာပါတယ်။ အိပ်စက်ခြင်းရဲ့ အရေးပါမှုနဲ့ ပိုအိပ်ကောင်းအောင် ဘယ်လိုလုပ်ရမလဲ နားလည်လာရင် ဒီအတွက်နဲ့ စိတ်ပူစရာတွေ လျော့နည်းသွားလို့ အိပ်ရာထဲရောက်တာနဲ့ တုန်းခနဲ အိပ်ပျော်သွားနိုင်ပါတယ်။

<aside> 💡

အိပ်စက်နေစဉ် ဦးနှောက်နှင့်ကိုယ်ခန္ဓာ - ကျွန်မတို့ အိပ်နေစဉ်မှာ ဦးနှောက်နဲ့ ကိုယ်ခန္ဓာဟာ တစ်ကိုယ်လုံးရဲ့ လှုပ်ရှားဆောင်ရွက်မှုပေါင်းစုံကို သက်ရောက်မှုရှိတဲ့ ပြန်လည်ပြင်ဆင်မွမ်းမံမှု၊ ပြန်လည်ဖွဲ့စည်းအားကောင်းစေမှုတွေကို လုပ်ဆောင်နေရပါတယ်။

</aside>