<aside> 💡

၂၀၂၁ ခုနှစ်မှာ DK နဲ့ Penguin Random House စာအုပ်တိုက်တွေ ပူးတွဲထုတ်ဝေပြီး HEATHER DARWALL-SMITH ‌‌ရေးသားထားတဲ့ The Science of Sleep: Stop Chasing a Good Night’s Sleep and Let it Find You စာအုပ်ကို မိတ်ဆက်ဖော်ပြပေးသွားမှာပါ။

</aside>

image.png

အမှာစာ

ကျွန်မအတွက်တော့ အိပ်ရတာကို သိပ်စွဲမက်ပါတယ်။ ဒါဟာ ကိုယ်ရောစိတ်ပါ လုံးလုံးလျားလျား လွှတ်ချလိုက်တာပဲလေ။ ဘာပြဿနာမှမဖြစ်ခင်တော့ အိပ်တယ်ဆိုတာ ကျွန်မတို့အားလုံး အလိုလို မသင်ဘဲတတ်တဲ့အရာပဲ။ ဖြစ်ချင်တော့ အိပ်ရတာဟာ အချည်းနှီးကိစ္စတစ်ခုဖြစ်လာပြီး လိုက်လေ ပြေးလေ ဝေးလေလေ ဖြစ်လာခဲ့တယ်။ အိပ်ကောင်းခြင်းအိပ်ချင်ပါရဲ့ဆိုတဲ့ ကျွန်မတို့ရဲ့ ဥပါဒါန်ကြောင့် ကျွန်မတို့မှ အိပ်ပါသော်လည်း မပျော်နိုင်ဘဲ ဖြစ်လာရတယ်။

အိပ်စက်မှုနဲ့ပတ်သက်တဲ့ စိတ်ကုထုံးသမားတစ်ယောက်အနေနဲ့ ကျွန်မဆီရောက်လာတဲ့ လူနာတွေကို သူတို့အိပ်စက်မှု ကောင်းမွန်တိုးလက်လာအောင် အကောင်အထည်ဖော်ရမယ့် လုပ်ဆောင်ဖွယ်တွေကို လိုက်နာခိုင်းရတယ်။ အဲဒီနည်းတွေဟာ ဘယ်လိုအလုပ်ဖြစ်တယ်၊ ဘာကြောင့်အလုပ်ဖြစ်တယ်ဆိုတာ ရှင်းပြရတယ်။ ဒီဗဟုသုတတွေအကြောင်း လူတိုင်းသိထားသင့်တယ်လို့လည်း ကျွန်မ ပြင်းပြင်းပြပြ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီစာအုပ်ကို ကျွန်မ ရေးချင်ရတာပါ။

ဒီစာအုပ်ဟာ အိပ်စက်မှုအကြောင်း လေ့လာချင်သူတိုင်းအတွက် ဖြစ်လို့ အိပ်စက်မှုနဲ့ပတ်သက်ပြီး ပြောကြတဲ့အခါ တွဲပါလာတတ်တဲ့ တလွဲတချော်တွေ၊ ဘေးအန္တရာယ်ဖြစ်နိုင်တဲ့ မဟုတ်တမ်းတရားတွေကို ရှောင်ရှားထားပါတယ်။

လူသားတွေဖြစ်တဲ့ ကျွန်မတို့အားလုံးဟာ အိပ်စက်နိုင်ဖို့ ဇီဝဗေဒသဘောအရ သတ်မှတ်ထားပြီးသားဆိုတာ ကျွန်မသိပါတယ်။ မွေးရာပါအားဖြင့် လုပ်နိုင်ပြီးသားကိစ္စမှာ လာနှောင့်နေကြတာတွေကို ဖြေရှင်းနိုင်ရင် ကျွန်မတို့တစ်ဦးချင်းဆီမှာ အိပ်စက်ခြင်းကို ဦးစားပေးပြီး သဘာဝအတိုင်း အထာနပ်နပ်နဲ့ အိပ်ပျော်သွားဖို့ ဘာလုပ်ရမယ်ဆိုတာ မြင်ယောင်လာနိုင်ပါတယ်။

ဒီစာအုပ်ဟာ အိပ်စက်မှုအကြောင်း လေ့လာချင်သူတိုင်းအတွက် ဖြစ်လို့ အိပ်စက်မှုနဲ့ပတ်သက်ပြီး ပြောကြတဲ့အခါ တွဲပါလာတတ်တဲ့ တလွဲတချော်တွေ၊ ဘေးအန္တရာယ်ဖြစ်နိုင်တဲ့ မဟုတ်တမ်းတရားတွေကို ရှောင်ရှားထားပါတယ်။ အိပ်တယ်ဆိုတာ ဘာကိုပြောတာလဲ၊ အိပ်တာဟာ ဘယ်လိုသဘောရှိလဲ ဆိုတဲ့ အခြေခံတွေကနေ စာဖတ်သူကို လမ်းညွှန်ရှင်းပြသွားမှာပါ။ နေ့စဉ်နေ့တိုင်း ကျွန်မ စိတ်ကုထုံးသုံးပြီး ကုသပေးတဲ့အခါ မေးလေ့ရှိကြတဲ့ မေးခွန်းတွေ‌ပေါ် အခြေခံပြီး အရေးကြီးတဲ့ ကိစ္စရပ်တချို့ကိုလည်း ဖြေရှင်းပေးသွားမှာပါ။

ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ အသက်အရွယ်၊ ဘဝနေထိုင်မှုဟန်ပန်၊ အိပ်စက်ရာ ပတ်ဝန်းကျင်တွေအပါအဝင် ကိုယ့်ရဲ့အိပ်စက်မှု အရည်အသွေးနဲ့ ပမာဏအပေါ် လွှမ်းမိုးသက်ရောက်မှုရှိတဲ့ အကြောင်းခြင်းရာတွေနဲ့ပတ်သက်ပြီး နားလည်ရလွယ်တဲ့ အပိုင်းလေးတွေအဖြစ် ခွဲခြားဖော်ပြထားပါတယ်။

အိပ်စက်ခြင်းအတတ်ပညာဟာ လှုပ်ရှားပြောင်းလဲနေပြီး ကျွန်မတို့တွေရဲ့ ဇီဝဖြစ်စဉ်ရှုထောင့်အမျိုးမျိုးနဲ့ သက်ဆိုင်နေတဲ့အထိ နယ်ပယ်အားဖြင့် ကျယ်ပြန့်ပါတယ်။ အိပ်စက်ခြင်းရဲ့ လျှို့ဝှက်ဆန်းကျယ်မှုတွေကို ဖော်ထုတ်ရင်းနဲ့ပဲ အသစ်တွေ့ရှိနားလည်မှုတွေက မနားတမ်း ပေါ်ထွက်လာနေကြပါတယ်။ ကျွန်မ နေ့စဉ်ဘဝမှာ ကုသမှုပေးနေရတဲ့သူတွေဆီက တွေ့ရှိချက်တွေကိုပါ ထည့်သွင်းဖော်ပြနိုင်အောင် ဆက်လက်လေ့လာနေဆဲပါ။

အားလုံးကို ကျွန်မ မျှဝေပေးရမယ့် အရေးအကြီးဆုံး သတင်းစကားက အကောင်းဆုံးအိပ်နိုင်တဲ့သူရယ်လို့ မရှိပါဘူး။ ဒါလည်း ရပါတယ်။ လက်ဗွေရာတွေလိုပဲ လူတစ်ဦးနဲ့တစ်ဦး လုံးဝ မတူကွာခြားကြတဲ့ ကိုယ်စီအိပ်စက်မှုပုံစံတွေကို နားလည်ဖို့နဲ့ ပျော်အောင်အိပ်နိုင်ကြဖို့ပဲ လိုတာပါ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာသန်စွမ်းမှုဆိုတဲ့ အရုပ်ကားချပ်ဆက်နည်း ပဟေဠိကြီးထဲမှာ အိပ်ခြင်းဟာ အသက်တမျှအရေးကြီးတဲ့ အပိုင်းအစတစ်ခု ဖြစ်ပါတယ်။ နေရောင်နဲ့ လုံလုံလောက်လောက် ထိတွေ့၊ တက်တက်ကြွကြွနေ၊ စိတ်ဖိစီးမှုတွေ လျှော့ချ၊ ကောင်းကောင်းစား စသဖြင့် နည်းလမ်းတွေကို ဟန်ချက်ညီအောင် ကျင့်သုံးရင်း စာဖတ်သူဟာ ညဘက် ကောင်းကောင်း အိပ်စက်ပျော်နိုင်လာမှာပါ။

နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ပျော်ကြပါစေ။ အိပ်မက်တွေလည်း လှပါစေ။

image.png

ဟယ်သာ ဒါဝေါလ် စမစ်


အိပ်စက်မှု အခြေခံများ